Saturday, November 10, 2007

ဖိတ်ခေါ်ပါသည်။


ကယားတို့ဌာနေ၊ငွေတောင်ပြည်သို့
အလည်တစ်ခေါက်၊လာရောက်ပါလို့
လှိုက်လှဲဖော်ရွှေ၊နွေးထွေးစွာဖြင့်
ဖိတ်ခေါ်ပါသည်......
လာရင်ဖူးရ၊တောင်ကွဲဘုရားနှင့်
လေ့လာစရာ၊ပေါများစွာဖြင့်
ညီနောင်တိုင်းရင်း၊ဖော်တစ်သင်းနှင့်
လက်ဆုံဆင်နွဲ၊ရိုးရာပွဲကို
မြင်လှည့်ချင်တယ်....မိတ်ဆွေရယ်။

မျက်စိဝေဒနာရှင်များအားခွဲစိတ်ကုသ


ကယားပြည်နယ်၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းမှ မျက်စိဝေဒနာရှင်များအား အခမဲ့ခွဲစိတ် ကုသပေး သည်ကိုသိရသဖြင့် လွန်စွာဝမ်းမြောက်ဂုဏ်ယူမိပါသည်။ လူ့ဘ၀အတွက် အလင်းရောင်ဟာမရှိမဖြစ်လိုအပ်လှပါတယ်။ လူတိုင်းမွေးရာပါ မျက်စိနှစ်လုံးအလင်းရ ရှိပြီး လောက၏ အလှအပတရားကိုခံစားလိုကြပါတယ်။ကံမကောင်းအကြောင်းမလှ ပါသဖြင့် မျက်စိမမြင်သောဘ၀သို့ရောက်ရှိ ရတာဟာ လူဖြစ်ရှုံးရပါတယ်။ လူဖြစ်မရှုံးရလေအောင်ယခုလို သက်ဆိုင်ရာကျွမ်းကျင်သူများနဲ့ ပူးပေါင်းပြီး အခမဲ့ခွဲစိတ်ကုသပေး တဲ့အတွက် ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ရပါတယ်။ နောက်နောင်လည်း ဆက်လက်ပြီးမျက်စိအလင်းအတွက် လှူဒါန်းကူညီနိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

Friday, November 9, 2007

ကယားမျိုးနွယ်စုများ


ကယားပြည်နယ်အတွင်းတွင် တိုင်းရင်းသားမျိုးစုံနေထိုင်ကြပါသည်။ကယားမျိုးနွယ်စုများမှာ ကယား၊ကယန်း(ပဒေါင်)၊ဂေခို၊ဂေဘား၊ ယင်းဘော်၊ယင်းတလဲ၊ကငန်၊မနုမနော၊စယိမ်း စသည့်လူမျိုးများပါဝင်သည်။ရိုးသားတဲ့ ကယန်း(ဒေါင်)လူမျိုးတို့နဲ့ ဖော်ရွှေစွာဆက်ဆံ ခေါင်ရည်သောက်ရင်း မိတ်ဖွဲ့ရအောင်လာလည်ခဲ့ပါလို့ဖိတ်ခေါ်ပါတယ်။ကယားမျိုးနွယ်စုများရဲ့ ဓလေ့ကိုလေ့လာရင်း ကယားပြည်နယ်ကြီး ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်ကြမယ်လို့ ယုံကြည်မျှော်လင့်လျှက်...........

KAYAH STATE


ကယားပြည်နယ်သည်မြန်မာနိုင်ငံ၏အရှေ့ဖက်တွင်တည်ရှိသည်။ဧရိယာစတုရန်းမိုင်၄၅၃၀ ကျယ်ဝန်းပြီးလူဦးရေ300000ကျော် နေထိုင်ကြ သည်။ မြို့တော်မှာ လွိုင်ကော်ဖြစ်ပြီး ခရိုင်(၂)ခု၊ မြို့နယ်(၇)မြို့နယ်နှင့် မြို့နယ်ခွဲ(၁)ခုရှိသည်။ ပင်လယ် ရေမျက်နှာပြင်မှအမြင့်ပေ2900 နှင့်6000 အတွင်းတွင်တည်ရှိသည်။ ရာသီဥတုမျှတပြီးနေချင့်စဖွယ် ကောင်းသော ဒေသဖြစ်သည်။ ထင်ရှားသောနေရာများမှာ လောပီတ ရေတံခွန်၊ထီးပွင့်ကန်၊ငွေတောင်ဆည်နှင့် ကန်ခုနှစ်ဆင့် တို့ဖြစ်သည်။မြို့များမှာလွိုင်ကော်၊ဒီးမော့ဆို၊ဖရူဆို၊ရှားတော၊ဘောလခဲ၊ ဖားဆောင်း၊ မယ်စဲ့နှင့် ရွာသစ်မြို့နယ်ခွဲ တို့ဖြစ်သည်။

ချစ်သူအကြောင်း



လူတိုင်းမှာချစ်သူရှိကြပါတယ်။ကိုယ့်ကိုမချစ်ပေ မယ့် ကိုယ်ကချစ်နေရတာတွေလည်းရှိမှာပေါ့။ အချစ်နဲ့ပတ်သက်ပြီးဆွေးနွေးရအောင်။ ဖိတ်ခေါ်ပါတယ်။အချစ်မှာသစ္စာရှိတဲ ဒွေးမယ်နော်မင်းသမီးလေးဟာတော်လေး၀၀င်မိန်းကလေး မှာပါခဲ့ပါတယ်။

ဒီးကူပွဲတော်အကြောင်း


ကယားလူမျိုးတို့၏ ရိုးရာပွဲတော်များမှ ဒီးကူပွဲ(ခေါ်)ကောက်ညှင်းထုပ်ပွဲတော်ကို နှစ်စဉ် စက်တင်ဘာလတွင်ကျင်းပသည်။ ပွဲတော်ကို သီးနှံများမရိတ်သိမ်းမီကျင်းပလေ့ရှိသည်။ ခေါင်ရည်ချိုချိုနှင့်ကောက်ညှင်းထုပ်စားရသောအရသာကိုမီးစမ်းလိုလျှင် ကယားဌာနေ ငွေတောင်ပြည်သို့လာရောက်ပါလို့ဖိတ်ခေါ်ပါတယ်။

တံခွန်တိုင်ပွဲတော်


ကယားလူမျိုးတို့၏နှစ်သစ်ကူးပွဲတော်မှာတံခွန်တိုင်ပွဲတော်(ခေါ်)ကိုထိုးဘိုး ပွဲတော်ဖြစ်သည်။နှစ်စဉ်ဧပြီလတွင်ကျင်းပလေ့ရှိသည်။ ရာသီဥတုကောင်းမွန်စေရန်၊သီးနှံအထွက်တိုးစေရန်၊ရောဂါဘယကင်းဝေးစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပသည်။ နှစ်ဟောင်းမှ အညစ်အကြေးများကိုရေဖြင့်ဆေးကြောပြီး နှစ်သစ်ကိုကြိုဆိုကြပါသည်။ ပျော်ရွှင်ဖွယ် ရာကယားတို့၏ ရိုးရာပွဲတော်ကို လာရောက်ဆင်နွဲ နိုင်ရန်ဖိတ်ခေါ်ပါသည်။မြန်မာ့ရိုးရာသင်္ကြန်နှစ်သစ်ကူပွဲတော်နှင့်ဆင်ပါသည်။