Saturday, November 10, 2007

မျက်စိဝေဒနာရှင်များအားခွဲစိတ်ကုသ


ကယားပြည်နယ်၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းမှ မျက်စိဝေဒနာရှင်များအား အခမဲ့ခွဲစိတ် ကုသပေး သည်ကိုသိရသဖြင့် လွန်စွာဝမ်းမြောက်ဂုဏ်ယူမိပါသည်။ လူ့ဘ၀အတွက် အလင်းရောင်ဟာမရှိမဖြစ်လိုအပ်လှပါတယ်။ လူတိုင်းမွေးရာပါ မျက်စိနှစ်လုံးအလင်းရ ရှိပြီး လောက၏ အလှအပတရားကိုခံစားလိုကြပါတယ်။ကံမကောင်းအကြောင်းမလှ ပါသဖြင့် မျက်စိမမြင်သောဘ၀သို့ရောက်ရှိ ရတာဟာ လူဖြစ်ရှုံးရပါတယ်။ လူဖြစ်မရှုံးရလေအောင်ယခုလို သက်ဆိုင်ရာကျွမ်းကျင်သူများနဲ့ ပူးပေါင်းပြီး အခမဲ့ခွဲစိတ်ကုသပေး တဲ့အတွက် ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ရပါတယ်။ နောက်နောင်လည်း ဆက်လက်ပြီးမျက်စိအလင်းအတွက် လှူဒါန်းကူညီနိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

1 comment:

Kyaw Naing said...

ခုလို သတင်းမျိုးဖတ်ရတာ ၀မ်းသာတယ်ဗျာ။
ကျွန်တော်လည်းငွေတောင်ဌာနေကပါဘဲ။
www.myanmararchitect.blogspot.com ကိုလမ်းကြုံရင်လည်းဝင်ခဲ့ပါအုံး။